အကြောင်းအရာသို့ ကျော်ရန်
ဝယ်ယူမှုအကူအညီစျေးခြင်း0
SHOP WITH CONFIDENCE

ဝယ်ယူရ လွယ်ကူဖို့။

ပစ္စည်းရွေးတာကနေ အော်ဒါတင်တဲ့အထိ၊ လိုအပ်တာတွေကို တစ်နေရာတည်းမှာ ကြည့်ပါ။

01

ပစ္စည်းရွေးပါ

အမျိုးအစား၊ Brand၊ Model နဲ့ ရှာပါ။ Specs၊ ပစ္စည်းအခြေအနေနဲ့ Warranty ကို အရင်စစ်ပါ။

02

စျေးခြင်းထဲထည့်ပါ

လိုချင်တဲ့ပစ္စည်းနဲ့ အရေအတွက်ကို ရွေးပါ။ စျေးခြင်းမှာ ပြန်ပြင်နိုင်ပါတယ်။

03

အော်ဒါတင်ပါ

Checkout မှာ လက်ရှိဈေးနှုန်းနဲ့ လက်ကျန်ကို စစ်ပြီး အမည်၊ ဖုန်းနဲ့ ပို့ဆောင်ရမယ့် လိပ်စာဖြည့်ပါ။ ဆိုင်က ဆက်သွယ်အတည်ပြုပါမယ်။

ငွေပေးချေနည်းနှင့် COD

Checkout မှာ ပစ္စည်းရောက်ငွေချေ (COD) သို့မဟုတ် ဆိုင်အတည်ပြုပြီးမှ ငွေလွှဲရန် ရွေးနိုင်ပါတယ်။ COD ရရှိနိုင်မှုကို ပစ္စည်းနဲ့ မြို့နယ်အလိုက် ဆိုင်က အတည်ပြုပါမယ်။ KPay၊ Wave Pay နဲ့ ဘဏ်ငွေလွှဲအတွက် အကောင့်အချက်အလက်ကို ဆိုင်က အတည်ပြုပေးပြီးမှ ငွေလွှဲပါ။ အွန်လိုင်းမှ အလိုအလျောက် ငွေချေခြင်းကို လောလောဆယ် မရရှိသေးပါ။

ပို့ဆောင်မှု

ပို့ဆောင်ခ၊ ခန့်မှန်းရောက်ရှိချိန်နဲ့ COD ဝန်ဆောင်မှုကို ဆိုင်က ဆက်သွယ်အတည်ပြုပါမယ်။ လိပ်စာမှာ မြို့နယ်နဲ့ လမ်းညွှန်အချက်အလက်ကို ပြည့်စုံအောင် ဖြည့်ပါ။

မေးလေ့ရှိသည့် မေးခွန်းများ

အော်ဒါတင်ပြီးရင် ဘာဆက်လုပ်ရမလဲ။

အော်ဒါအမှတ်ကို မှတ်သားထားပါ။ အော်ဒါရရှိကြောင်းပြခြင်းဟာ လက်ခံရရှိကြောင်းသာဖြစ်ပြီး နောက်ဆုံးဈေး၊ လက်ကျန်နဲ့ ပို့ဆောင်မှုကို ဆိုင်က အတည်ပြုပါမယ်။

Warranty နဲ့ ပြန်လဲခွင့် ဘယ်လိုရှိလဲ။

ပစ္စည်းတစ်မျိုးချင်းစီရဲ့ စည်းကမ်းများမှာ ကြည့်ပါ။ အာမခံကာလ၊ အကျုံးဝင်မှုနဲ့ ပြန်လဲသတ်မှတ်ချက်တွေကို မဝယ်ခင် အတည်ပြုပါ။

စည်းကမ်းများ ကြည့်ရန် →
Brand New နဲ့ Second Laptop ဘာကွာလဲ။

Product Card ပေါ်မှာ အခြေအနေကို သီးခြားဖော်ပြထားပါတယ်။ Second Laptop အတွက် စက်အခြေအနေ၊ ပါဝင်ပစ္စည်းနဲ့ Warranty ကို အော်ဒါမအတည်ပြုခင် စစ်ဆေးပါ။

ပစ္စည်းများ ရွေးရန် →စျေးခြင်း ကြည့်ရန်